Pages

Tuesday, November 20, 2012

Gmail Inbox မှာ Filter ခွဲးနည်း ကိုယ့်ရဲ့ Gmail အ၀င် mail တွေများနေလို့ ကြည့်ရတာမျက်စိရူပ်နေတယ်ဆိုရင်ရှင်းလို့ရပါတယ် ကိုယ့် mail ထဲကိုသူငယ်ချင်းတွေကပို့တဲ့ mail တွေလဲရှိမယ် အခြားဆိုဒ်တွေကပို့တဲ့မေးတွေလဲ ရှိမယ်ဆိုရင် ကိုယ့်ရဲ့ Inbox ထဲမှာ mail တွေပွနေမှာပေါ့။သူငယ်ချင်းပို့တဲ့ mail ဆိုရင်လဲ Label ထိုးပြီး Filter ခွဲးထားလိုက်ရင်ကြည့်ရတာရှင်းသွားတာပေါ့။(ဥပမာ) မောင်မောင်ကပို့တဲ့ mail တွေ
ကို Filter ခွဲးပြီး Label ထိုးထားလိုက်မယ်ဆိုရင် မောင်မောင့် နံမည်နဲ့အ၀င်ဘယ်နှစ်ဆောင်ရှိပြီဆို တာကိုဖေါ်ပြပေးမှာဖြစ်ပါတယ်။ အဲဒီလိုမျိုး Filter ခွဲးချင်တယ်ဆိုရင်ကိုယ် Filter ခွဲးချင်တဲ့ mail ကိုအရင်ဆုံး Select လုပ်လိုက်ပါ။ (Starred (ကြယ်ပုံ)ဘေးက လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ) ပြီးရင် More actions ကိုနှိပ်ပါ။ အဲဒီထဲက Filter messages like these ကိုနှိပ်လိုက်ပါ။ Create a Filter ဆိုတဲ့ Box ကျလာပါလိမ့်မယ်။ Creat Filter With this search ဆိုတာကိုနိုပ်ပါ။ Skip the Inbox (Archive it) နဲ့ Apply the label: စတာတွေကို Select ပေးပါ။ (လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ) Apply the label: Choose label... မှာ New label... ကိုရွေးပေးပါ။ New label... ဆိုတဲ့ box ကျလာပါမယ်။ကိုယ်ခွဲတဲ့  Filter ရဲ့  Name ကိုရေးပေးပါ။ (ဥပမာ) မောင်မောင်ကပို့ တဲ့ မေးလ်ကို Filter ခွဲတယ်ဆိုရင်မောင်မောင်လို့ ရေးပါ။) ပြီးရင် Also apply filter to ? conversations below. ကို Select ပေးလိုက်ပါ။ (လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ) ပြီးရင်တော့ Create Filter ကိုနှိပ်လိုက်ရင် Filter ခွဲလို့ ပြီးသွားပါပြီ။

0 comments:

Post a Comment