Pages

Thursday, November 22, 2012

Desktop icon တွေကိုမြန်မာဖောင့်ပေါ်ချင်ရင် Desktop ပေါ်မှာရှိတဲ့ Folder တွေ Iconတွေမှာမြန်မာစာပေါ်အောင်ပြုလုပ်ချင်တယ်ဆိုတဲ့သူတွေအတွက်ပါ ပြုလုပ်ချင်တယ်ဆိုရင် ၁။ Desktop ပေါ်မှာ Right Click နိုပ်ပြီး personalize ထဲကိုဝင်ပါ။ ၂။ ပြီးရင် ကျလာတဲ့ box ရဲ့အောက်နားမှာရှိတဲ့ Windows Colour ကိုနိုပ်ပါ။ ၃။ ပြီးရင်
Advanced appearance setting ကိုနိုပ်ပါ။ Window Colour and appearance box ကျလာရင် Item နေရာမှာ Icon ကိုရွေးပါ၊ Font နေရာ Zawgyi-One ကိုရွေးပါ ပြီးရင် Ok နိုပ်လိုက်ပါ။ ၄။ ပြီးရင် Save Changes နိုပ်လိုက်ရင်ရပါပြီ။ Desktop ပေါ်မှာရှိတဲ့ Folder တွေ Icon ဖျောက်ချင်ရင် Desktop ပေါ်မှာရှိတဲ့ Folder တွေ Icon တွေဖျောက်ချင်တယ်ဆိုရင် ပုံမှန်အနေအထားအရတော့ Desktop ပေါ်မှာ Right Click နိုပ်ပြီး View ထဲက Show Desktop icons ဘေးကအမှန်ခြစ်လေးကို ဖြုတ်ပေးလိုက် ရင်ရပါပြီ ဒါပေမယ့် group Policy ထဲသွားပြင်ထားမယ်ဆိုရင်တော့လုပ်လို့ရမှာမဟုတ်ပါဘူး တခြားအကြောင်းကြောင့် ပျောက်နေလို့ပြန်ဖေါ်ချင်တာပဲဖြစ်ဖြစ် ဖျောက်ချင်တာဖြစ်ဖြစ်ပြုလုပ်ချင်တယ်ဆိုရင် ၁။ Run box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပါ။ ၂။ Local Group Policy box ကျလာရင်User Configuration >> Administrative Templates >> Desktop အောက်ကိုသွားပါ။ ၃။ Hide and disable all items on the desktop ဆိုတာကို Double Click နိုပ်လိုက်ပါ ပြီးရင် enable နိုပ်ပြီး Okကိုနိုပ်ပါ။ဒါဆိုရင်ရပါပြီ Restart ပဲဖြစ်ဖြစ် logoff ပဲဖြစ်ဖြစ် လုပ်ပေးလိုက်ပါ ပြန်တက်လာရင် Desktop ပေါ်မှာဘာမှတွေ့ရတော့မှမဟုတ်ပါဘူး နောက်ပြီးတော့ အဲဒီအခြေအနေမှာ Right Click လဲနိုပ်လို့ရ မှာမဟုတ်ပါဘူး။ဒါကတော့ဖျောက်နည်းပါ ပြန်ဖေါ်ချင်တယ်ဆိုရင်လဲ အဲဒီအတိုင်းပဲပြန်သွားပြီး enable နေရာ မှာ not configured ပြန်လုပ်ပေးလိုက်ပြီး Restart ချပေးလိုက်ရင်ရပါပြီ။ Jackson.....

0 comments:

Post a Comment