Pages

Friday, November 23, 2012

Gmail ကို Backup အကောင့်ပြုလုပ်ခြင်း
ကိုယ်သုံးနေတဲ့ Gmail အကောင့်လေးကို လုပ်ငန်းသုံးအနေနဲ့ပဲသုံးသုံး သူငယ်ချင်းတွေနဲ့အပြန်အလှန် Mail တွေ ပဲပို့ပို့အရေးကြီးတဲ့ mail အဝင်အထွက်တွေရှိနေမယ်ဆိုရင် ဒီနည်းလေးကအဆင်ပြေပါတယ်။ ကိုရဲ့အကောင့်လေးကအပိတ်ခံလိုက်ရတာတို့
အကြောင်းအမျိုးမျိုးကြောင့်ပျောက်ပျက်သွားတာတို့ဖြစ်မယ်ဆို ရင်ကိုယ့်ရဲ့အရေးကြီးတဲ့ mail တွေဆုံးရူံးရမှာပေါ့နောက်ထပ် အကောင့်အသစ်တစ်ခုပြန်လုပ်လို့ရပေမယ့်အရင် mail တွေ ကိုတော့ပြန်ရမှာ မဟုတ်ပါဘူး။ ဒီနည်းလေးကိုအသုံးပြုမယ်ဆိုရင်တော့ အကောင့်နှစ်ခုရှိရပါမယ် ကိုယ်သုံးနေတဲ့အကောင့်ရယ် Backup အကောင့်ရယ်ပေါ့။ဒါမှကိုယ့်အကောင့်ထဲကို mail တစ်ဆောင်ဝင်လာ ရင်နောက်အကောင့်တစ်ခုထဲကိုလဲရောက်သွားမှာပေါ့။ဒီနည်းလေးကိုပြုလုပ်ချင်တယ်ဆိုရင်တော့အရင်ဆုံး ကိုယ့်ရဲ့ Gmail ကိုဖွင့်လိုက်ပါပြီးရင် setting ထဲကိုဝင်လိုက်ပါ။ Forwarding and POP/IMAP ကိုကလစ် လိုက်ပါပြီးရင် Add a forwarding Address ကိုနှိပ်ပြီးကို Forward လုပ်မယ့်အကောင့်နာမည်ကိုရိုက် ထည့်ပြီးရင် Next >>Proceed >>ok ကို နိုပ်ပါ Verification code ထည့်ဖို့ box တစ်ခုကျလာပါ လိမ့်မယ်ဒါဆိုရင်ကိုယ့်ရဲ့ဒုတိယ mail ကို ဖွင့် ပါ mail တစ်ဆောင်ရောက်နေပါလိမ့်မယ်။အဲဒီ mail ထဲမှာပါ လာတဲ့ Verification code ကိုယူပြီး ပထမ mail ထဲကိုရိုက်ထည့်ပါ ပြီးရင်ဘေးက Verify ကိုနိုပ်ပါ။အဲဒါတွေ အကုန်လုံးလုပ်ပြီးသွားရင်တော့ Forward a copy of incoming mail to ဆိုတဲ့ check box လေးကို on ပေးလိုက်ပါ ကိုယ့်ရဲ့ပထမ mail ထဲကိုဝင်လာသမျှ mailတွေအကုန်လုံး ဒုတိယ mail ထဲကို လဲရောက်ပါလိမ့်မယ်။အဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့အကောင့်ကသုံးမရတော့ရင်လဲနောက်အကောင့်တစ်ခုထဲမှာကိုယ့် ရဲ့အဝင် mail တွေရှိပါသေးတယ်။

0 comments:

Post a Comment