Pages

Thursday, November 22, 2012

PC ရဲ့ Performance ကိုဘယ်လိုမြင့်ကြမလဲ မိမိသုံးနေတဲ့ pc ပဲဖြစ်ဖြစ် Laptop ပဲဖြစ်ဖြစ်သုံးတာကြာလာတာနှင့်အမျှစက်တက်တာလေးလာတာတို့အခြား Program တစ်ခုခုဖွင့်ရင်လေးနေတာတို့ဖြစ်တတ်ပါတယ်။ဘာပဲလုပ်လုပ်လေးနေတယ်နှေးနေတယ်ဆိုရင်အ လုပ်လုပ်ရတာလဲမတွင်ကျယ်တော့ဘူးပေါ့ဗျာ။ဒီတော့ Performance မြင့်လာအောင်ပြုလုပ်ကြရမှာပေါ့။ Computer သုံးတာကြာလာတာနဲ့ window ရဲ့ registry error တွေ Temporary Files တွေ Dump Files တွေ Junk Files တွေ Backup Files အစရှိတဲ့Files တွေဟာ Hard Drive ထဲမှာပွလာတော့တာပါပဲဒီFiles တွေဟာကြာလာတာနဲ့အမျှSystem ရဲ့ Performance ကိုသိသိသာသာကျဆင်းလာစေတဲ့အပြင်
ကိုယ်သုံးနေတဲ့ Hard Drive ရဲ့ free space ကိုပါခြိမ်းခြောက်လာနိုင်ပါတယ်။ကဲဒီ error တွေကိုဘယ်လိုရှင်းကြမလဲSpeed up my PC တို့လို Advanced SysyemCareတို့ CCleaner တို့လို Third party Software တွေ တင်ပြီးတော့ ရှင်းပေးနိုင်ရင်လဲကောင်းပါတယ်။နောက်ပြီးတော့Window မှာလဲလုပ်ဆောင်ရမဲ့အချက်တွေလဲရှိပါသေး တယ် Disk Cleanup လုပ်ခြင်း Check Disk တို့ Disk Defragment လုပ်ပေးခြင်းကလဲ PC ရဲ့ Performance ကိုသိသိသာသာမြင့်တက်စေပါတယ်။ Disk CleanUp ဆိုတာကတော့ မသုံးတာကြာပြီဖြစ်တဲ့ Files တွေကိုရှာ ပြီးတော့ Analyze လုပ်ပါတယ်။မလိုအပ်တဲ့Files တွေကိုရှင်းပြစ်ပါတယ်။Disk CleanUP ဆိုတဲ့အတိုင်းမသုံး တာကြာတဲ့Files တွေ မသုံးတော့တဲ့Files တွေကိုရှင်းပေးပါတယ်။Disk CleanUP ကိုသွားမယ်ဆိုရင် Start > All Programs > Accessories > System Tools > Disk CleanUP ကိုဝင်ရပါမယ်။Disk CleanUP ၀င်လိုက်ရင် box တစ်ခုကျလာပါတယ်ကိုယ်ပြုလုပ်မဲ့ Drive Letter ရွှေးပေးပြီး ok နိုပ်လိုက်ပါ box တစ်ကျလာရင် ကိုလုပ်ချင်တဲ့check box လေးတွေကို on ပေးပြီး ok နိုပ်လိုပ်ပါ။yes,noမေးရင်yes ကိုနိုပ်ပေးလိုက်ပါDisk CleanUP လုပ်တာအဆင်ပြေသွားပါလိမ့်မယ်။နောက်တစ်ခုကတော့Check Diskပါသူကတော့မိမိရဲ့ Hard Drive ပေါ်မှာရှိတဲ့ Bad Sectors တွေ Local error တွေကိုစစ်ဆေး ပေးပါတယ်။မဖတ်နိုင်တဲ့ error တွေ Hard Drive ရဲ့ Problems တွေကိုrepair လုပ်ပေးပြီးdata တွေ ကို Recoveryလုပ်ပေးထားပါတယ်။Check Diskလုပ်မယ်ဆိုရင်ကိုယ်ပြုလုပ်ချင်တဲ့Drive Letterပေါ် မှာ right Click နိုပ်ပြီး Property >Tools>Check nowကိုနိုပ်ပါCheck Disk box ကျလာရင်Check Box နှစ်ခုတွေပါလိမ့်မယ်အပေါ်ဆုံးက Automatically Fix File system error ဆိုတဲ့ချက်boxကိုon ပေးပါတကယ်လို့ကိုယ်သုံးနေတဲ့ စက်မှာBad Sector ရှိတယ်လို့ထင်ရင်တော့အောက်ကbad sector ပါတဲ့Check box ကို on ပေးလိုက်ပါbad sector ဆိုတာကတော့Hard Driveထဲမှာ data တစ်ခုကိုမ ရမကဖတ်နေရရင် ကလစ်ကလစ်ဆိုတဲ့အသံကြားရတတ်ပါတယ်အမြဲတယ်တော့မဟုတ်ပါဘူး bat Sector ရှိတဲ့နေရာရောက်မှပါ။Check box ကိုရွှေးပြီးပြီဆိုရင်တော့ Start ကိုနိုပ်လိုက်ပါ restartချဖို့ အတွက်massage box ကျလာရင်Yesကိုရွှေးပေးလိုက်ပါCheck Disk လုပ်ချင်းဟာကိုယ်သုံးတဲ့Hard Drive ရဲ့Dataပမာဏပေါ်မူတည်ပြီးအချိန်နာရီနဲ့ချီပြီးကြာနိုင်ပါတယ်။ Disk Defragments လုပ်ခြင်းဆို တာကတော့Hrad Disk ထဲမှာဟိုတစ်စဒီတစ်စပြန့်ကျဲနေတဲ့Filesတွေကိုတူရာတူရာရွှေးပြီးတစ်နေရာတည်းမှာ စုပေးထားခြင်းပဲဖြစ်ပါတယ်။ဟိုတစ်စဒီတစ်စပြန့်ကျဲနေတဲ့Filesတွေကိုလိုက်ဖတ်နေရတဲ့အတွက်Hard Diskရဲ့ Data ဖတ်တဲ့နူံးနှေးကွေးလာမယ်ဆိုရင်Systemရဲ့Performanceကိုပါထိခိုက်လာနိုင်ပါတယ်။Desktop ပေါ်က Programတစ်ခုကိုrunလိုက်တဲ့အချိန်မှာHard Diskထဲမှာရှိတဲ့သူနဲ့သက်ဆိုင်တဲ့dataတွေကိုတစ်နေရာထဲမှာသာ ဆက်တိုက်ဖတ်နေရမယ်ဆိုရင်ဒီProgramရဲ့Loadingလုပ်တဲ့အချိန်ကိုလည်းမြန်ဆန်လာစေမှာပါ။Computerကို အမြဲလိုလိုသုံးနေရတဲ့သူတွေကတော့Disk Defragments ကိုနှစ်လတစ်ချိန်လောက်တော့လုပ်ပေးသင့်ပါတယ်။ Disk Defragment လုပ်မယ်ဆိုရင် Start>All Programs> Accessories> System Tools> Disk Defragments ကိုသွားပါ။Disk Defragments box ကျလာရင်ပြုလုပ်မယ့် Drive Letter ရွှေးပေးပြီး Analyze ကိုနိုပ်ပါ။နောက်boxတစ်ခုကျလာရင် Defragments ကိုနိုပ်ပေးလိုက်ပါ၊Defragments လုပ် ခြင်းဟာပုံမှန်အားဖြင့် Data ပမာဏပေါ်မူတည်ပြီးအချိန်နည်းနည်းတော့ပေးရပါမယ်။စက်စတက်တာ မြန်ချင်တယ်ဆိုရင်တော့ Run box ထဲမှာ msconfig လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ System Configuration Utility Box ကျလာရင်စက်စတက်ချိန်မှာ မလိုအပ်တဲ့ Item တွေကိုuncheck လုပ်ပစ် ပါ။ဘာလို့လဲဆိုတော့windows ကStartup ItemတွေကိုLoading လုပ်ရတာများနေရင်windowsအ တက်ကိုကြာစေမှာပါ။ကိုဖြုတ်ချင်တာတွေကိုဖြုတ်ပြီးရင်တစ်ခါလောက်Restartချပေးလိုက်ပါ။အဆင် ပြေသွားပါလိမ့်မယ်။ Jackson

0 comments:

Post a Comment