Pages

Friday, November 23, 2012

Windows အတွက်အရေးပါပြီးသိထားသင့်တဲ့ Services များ



COM+ Event System System ပိုင်းရဲ့ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကို disable လုပ်ထားမိမယ်ဆိုရင် Windows logon & logoff အခြေအနေတွေမှာ window system ဆီကို သတင်းအချက်အလက်တွေ အကြောင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်ဒီ service ကStarted ဖြစ်နေသင့်တယ်။ Cryptographic Services သူကတော့ database နဲ့ပတ်သက်တဲ့ Services တစ်ခုပါ window ရဲ့ အလုပ်လုပ်နေတဲ့ file တွေကို အတည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ နောက်ပြီးတော့ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးပါတယ်၊ DHCP Client ကိုယ့်ကွန်ပျုတာရဲ့ IP address တွေ DNS records တွေကို Register လုပ်တာတို့ updates လုပ်လုပ်တာတို့လုပ်ပေးတဲ့ Services ပါ။ ဒီ service ကို Disable လုပ်ထားမိရင်
dynamic IP address နဲ့ DNS updates တွေကို လက်ခံရရှိတော့မှာမဟုတ်တော့ပါဘူး။ ကိုယ့် ကွန်ပျုတာ system အတွက် static IP address တစ်ခုရှိမယ်ဆိုရင်တော့ပိတ်ထားနိုင်ပါတယ်။ DNS Client DNS Client Services က Domain Name System (DNS) နာမည်တွေနဲ့ register လုပ်ထားတဲ့ ကွန်ပျုတာရဲ့ နာမည်အပြည့်အစုံကိုသိမ်းထားပေးပါတယ်။ ကွန်ပျုတာ ရဲ့ firewall ကို ဖွင့်လိုက်မယ်ဆိုရင် ဒီ service က disable ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါဆိုရင် DNS Server လက်ခံနိုင်မူဟာ ကန့်သတ်သွားပါမယ်။ ကွန်ပျုတာက local network အတွင်းမှာ ချိတ်ဆက်အသုံးပြုလို့မရရင်တော့ DNS Client service ကို disabled လုပ်ထားနိုင်ပါတယ်။ Extensible Authentication Protocol သူကတော့ Wireless network နဲ့ ပတ်သက်တဲ့service ဖြစ်ပါတယ်။ Extensible Authentication Protocol EAP ကိုထောက်ပံပေးတယ်။နောက် wireless, VPN and Network Access Protection (NAP), application programming interfaces (APIs) တို့ကိုလည်း ထောက်ပံပေးတယ်။တကယ်လို့ ကွန်ပျုတာက wireless နဲ့ ပါတ်သတ်လို့ အသုံးမပြုဘူးဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင်ပိတ်ထားလို့ရပါတယ်။ Group Policy Client ကွန်ပျုတာကို အသုံးပြုတဲ့ administrtor တစ်ယောက်က ကွန်ပျုတာရဲ့ setting တွေကို configure လုပ်ဖို့ service တစ်ခုဖြစ်ပါတယ်။ဒီ service ကတော့ Auto Start ဖြစ်နေသင့်ပါတယ်။ Internet Connection Sharing (ICS) Computer တစ်လုံးနဲ့တစ်လုံးကို Internet Connection Stare တဲ့ Services ဖြစ်ပါတယ်။သူကိုတော့ များသောအားဖြင့် Manual ထားတာများပါတယ်။ Network Access Protection Agent သူကတော့ Network ချိတ်ဆက်ထားတဲ့ Client Computer တွေရဲ့ Security တွေ Imformation တွေကို manage လုပ်ပေးတဲ့ services ပဲဖြစ်ပါတယ်။ network connection ကို အသုံးမပြုတဲ့ ကွန်ပျုတာဆိုရင်တော့ Manual လုပ်ထားနိုင်ပါတယ်။ Network Connections Network Connection ဆိုဒါကတော့ အင်တာနက်သုံးတာတို့ Local network ချိတ်ပြီး Remote Connection သုံးတာတို့ သုံးမယ်ဆိုရင် run ထားရမယ့် service တစ်ခုပါ။ Plug and Play ကွန်ပျုတာရဲ့ hardware ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို recognize and adapt ပြုလုပ်ပေးတာ တို့ ညှိနှိုင်း ပြင်ဆင်ပေးတာတို့ လုပ်ပေးတဲ့ service တစ်ခုပါ။ သူကိုလဲ Started ဖြစ်နေသင့်ပါတယ်။ Portable Device Enumerator Service Computer ကိုလာရောက်ချိတ်ဆက်တဲ့ removable mass-storage devices တွေအတွက် အတည်ပြုပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကို Disable လုပ်ထားမယ်ဆိုရင်တော့ portable device တွေ တပ်ဆင်အသုံးပြုတဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ Print Spooler Computer နဲ့ Printer ကိုချိတ်ဆက်ပေးတဲ့ Services တစ်ခုပါ။ဒီ Services ကိုပိတ်ထားမယ်မိဆိုရင် printer driver install လုပ်ပြီး printer ချိတ်ဆက်ထားပေမယ့်လဲ printer ကိုတွေ့ရမှာမဟုတ်ပါဘူး Remote Desktop Configuration ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးကို Remote Desktop ထိန်းချုပ် အသုံးပြုနိုင်တဲ့ service တစ်ခု ဖြစ်ပါတယ်။ Security Center Computer Network ရဲ့ Security ပိုင်းဆိုင်ရာ Services တစ်ခုပါ။Computer ရဲ့ လုံခြုံရေးနဲ့ပတ် သက်ပြီး Monitoring လုပ်တာတို့ Repoort လုပ်တာတို့ကိုလုပ်ဆောင်ပေးပါတယ်။ Server printer နဲ့ပါတ်သတ်လို့ အထောက်အကူပြုနေတဲ့အပြင် local အတွင်း network ချိတ်ဆက်ရာ တွင်လဲလိုအပ်တဲ့ service တစ်ခုဖြစ်ပါတယ်။ Shell Hardware Detection hardware ပိုင်းအခြေအနေတွေကို auto play အနေနဲ့ဆောင်ရွက်ပေးနေတဲ့ service တစ်ခု ဖြစ် ပါတယ်။ Software Protection windows နဲ့ windows applications တွေအတွက် လိုင်စင်နံပါတ်တွေ အတည်ပြု install လုပ်ပေးတဲ့ service တစ်ခုပါ။ဒီ service က Auto Start ဖြစ်နေရမည့်အပြင် ပိတ်မထားသင့်ပါဘူး။ TCP/IP NetBIOS Helper ဒါကတော့ ICP/IP ကို သုံးပြီး NetBIOS ကို ထောက်ပံ့ပေးတယ်။ network clients အတွက် NetBIOS names တွေခွင့်ပြုပေးတယ်။တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတဲ့အတွက် network ကိုအသုံးပြုနေတဲ့ကွန်ပျုတာ တစ်လုံးဆိုရင် Auto Start ပဲဖြစ်နေသင့်ပါတယ်။ Telephony LAN အတွင်းမှာ အသုံးပြုထားတဲ့ ကွန်ပျုတာအတွက် IP based ကို ထိန်းချုပ်ပေးတဲ့ service ဖြစ်ပါတယ်တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေသေးတယ်။ သူကိုတော့ Manual လောက်တော့ထားသင့်တယ်။ Window Audio ကွန်ပျုတာရဲ့ အသံပိုင်းအတွက် ဆောင်ရွက်ပေးနေတဲ့ service ဖြစ်ပါတယ်။သူ့ကိုပိတ်ထားမယ်ဆိုရင် အသံပိုင်း သုံးလို့မရတော့ပါဘူး။ Window Firewall Computer ကို Network ချိတ်သုံးရာတွင်လုံခြုံရေးအတွက်အထောက်အကူပြုတဲ့ Services တစ်ခု ဖြစ်ပါတယ်။သူ့ကိုလဲ started ဖြစ်နေသင့်ပါတယ်။ Window Image Acquisition (WIA) Scanners နဲ့ Cameras တို့အတွက် image နဲ့ပတ်သက်လို့ ကူညီထောက်ပံပေးတဲ့ service ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။ Window Management Instrumentation ဒါကတော့ operating system နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို management လုပ်ပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီ service က Auto Start ဖြစ်နေသင့်ပါတယ်။ WMI Performance Adapter ဒါကတော့ window performance နဲ့ပါတ်သတ်တဲ့ သတင်းအချက်အလတ်တွေကို WMI HiPerf ကနေ ထောင်ပံပေးနေတဲ့ service ပါ။ပုံမှန်အားဖြင့်တော့ Auto Start ဖြစ်နေသင့်ပါတယ်။ Workstation client network ကနေ servers ဆီကို ထိန်းသိမ်းခြင်း အသစ်တည်ဆောက်ခြင်း စသည်တို့ကို ပြုလုပ်ဖို့ ဆက်သွယ်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ သူ့ကိုတော့ started လုပ်ထားသင့်ပါတယ်။

0 comments:

Post a Comment