Pages

Tuesday, November 20, 2012

Power မလာတဲ့ Computer တစ်လုံးအတွက်


Computer တစ်လုံး Power မလာခြင်းအတွက်စစ်ဆေးမယ်ဆိုရင်တော့အရင်ဆုံး Computer နဲ့ဆက်စပ်နေတဲ့ Device တွေကနေစပြီးအသေးစိတ်လေ့လာရမှာပေါ့။ ပထမဆုံး နံရံမှာရှိတဲ့မီးခလုပ်တွေကောင်းမကောင်းစစ် ဆေးရပါမယ် ၊ နောက်ပြီးတော့ UPS သုံးတယ်ဆိုရင် UPS ရဲ့ Output port တွေကမီးထွက်မထွက်စစ်ဆေးရပါ မယ် အကယ်၍ UPS ရဲ့မီးအဝင်အထွက်အားလုံးအဆင်ပြေတယ်ဆိုရင်တော့ UPS နဲ့ System ပုံးထဲ မှာရှိတဲ့ Power Supply နဲ့ ဆက်သွယ်ထားတဲ့ Power Cable ကြိုးကိုစစ်ဆေးရပါမယ်။Power Cable ကောင်းမကောင်း ကိုတော့
အခြားကြိုးတစ်ချောင်း လဲပြီးစမ်းသုံးကြည့်ပါ မော်နီတာ Power Cable နဲ့ဖြစ်ဖြစ် UPS Power Cable ကြိုးနဲ့ ဖြစ်ဖြစ်လဲသုံးကြည့်လို့လဲရပါတယ်။တကယ်လို့ Power Cable လဲကောင်းတယ်ဆိုရင်တော့ Power Supply ကိုစစ်ဆေးကြည့်ရပါမယ်။ Power Supply က System တစ်ခုလုံးကို Power ပေးတဲ့အဓိကနေရာပဲဖြစ် ပါတယ်။ သူ့ကိုစစ်ဆေးဖို့အတွက်ဆိုရင် Casing ထဲကနေအပြင်ထုတ်ပြီးစမ်းတာကပိုအဆင်ပြေပါလိမ့်မယ်။Power Supply ကောင်းမကောင်းစမ်းမယ်ဆိုရင် အရင်ဆုံး Power Supply ကို Power ပေးမယ့် Power ကြိုးထိုးလိုက် ပါ ပြီးရင် Power Supply မှာ 12V ATX Socket အသေးနဲ့ 24 pin Socket အကြီးဆိုပြီးနှစ်ခုပါ ပါတယ်။Socket အကြီးမှာပါတဲ့ အစိမ်းကြိုးနဲ့အနက်ကြိုးကို ဇာဂနာ နဲ့ ဆက်သွယ်ပေးလိုက်ပါ Power Supply ကောင်းတယ်ဆိုရင်တော့ Power Supply မှာပါတဲ့ FAN လည်ပါလိမ့်မယ် ၊ အကယ်၍ FAN မလည်တော့ဘူး ဆိုရင်တော့ Power Supply ပျက်တာသေချာသွားပါပြီ။တစ်ခါတစ်လေ Power Supply ကထွက်တဲ့ Power Socket တွေမှာပါတဲ့ Power ကြိုးတွေက Volt မပြည့်လို့ board မတက်တာတွေကြုံရတတ်ပါတယ်။ နောက် တစ်ခုကတော့ Casing ရဲ့ Power ခုလုပ်နဲ့ဆက်သွယ်ထားတဲ့ ကြိုးတွေက Mother board မှာပါတဲ့ Front Panel မှာပြုတ်နေတာတို့ လွတ်နေတာတို့ ရှိမယ်ဆိုရင်လဲ Power ခုလုပ်ကိုနိုပ်လို့ရမှာ မဟုတ်ပါဘူး။

0 comments:

Post a Comment