Pages

Tuesday, November 20, 2012

Gmail နဲ့ Gtalk မှာ Autoreply massages ပြုလုပ်ထားချင်ရင် Gmail ရဲ့အသုံးဝင်တဲ့ Feature တွေထဲတစ်ခုပါ တစ်ယောက်ယောက်က mail ပို့လာတဲ့အခါ လက်ခံရရှိကြောင်းပဲဖြစ်ဖြစ် ၊ ကျေးဇူးတင်စကားပဲဖြစ်ဖြစ် Gmail ထဲမှာပြုလုပ်ပေးထားမယ်ဆိုရင်Mail တစ်ဆောင်ဝင်လာတိုင်း အလိုလျောက်ပြန်လည်ဖြေကြားပေးနေမှာဖြစ်ပါတယ်။အဲဒီလိုမျိုး Gmail Autoreply mail
ကိုပြုလုပ်ချင်တယ်ဆိုရင် အရင်ဆုံးကိုယ့်ရဲ့ Gmail ကိုဖွင့်လိုက်ပါ ပြီးရင် Setting ထဲ က General ထဲကိုဝင်လိုက်ပါ အောက်ဘက်နားမှာ Vacation responder ကို on ပေးလိုက်ပါ။ ပြီးရင် First day: နေရာမှာ ကိုယ်စပြီးပို့ချင်နေရက်စွဲကိုထည့်ပါ ၊ Subject: နဲ့ Massage:နေရာမှာတော့ကျေး ဇူးတင်ကားပဲဖြစ်ဖြစ် လက်ခံရရှိကြောင်းပဲဖြစ်ဖြစ်ကိုယ်ကြိုက်ရာထည့်လို့ရပါတယ်။အာလုံးပြီးရင် Save Change ကိုနိုပ်လိုက်ရင်ရပါပြီ။ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ mail အပေါ်နားမှာရှိတဲ့ end now ကိုနိုပ် လိုက်ရင်ရပါပြီ။ဒါကတော့ Gmail အတွက်ပါ Gtalk အတွက်ဆိုရင်တော့ Gtalk Autoreply Software ကို Download ဆွဲရမှာပါ။ပြီးရင် Software ကိုစက်ထဲမှာ install လုပ်ပေးပြီး ဖွင့်လိုက်ပါ Gtalk Autoreply box ပေါ်လာရင် ကိုယ်ရဲ့ User Name နဲ့ Password ကို ထည့်ပါ massage box မှာ ကိုထည့်ချင်တဲ့အကြောင်းအရာကိုထည့်ပြီး Save and Enable Autoreply ကိုနိုပ်လိုက်ရင်ရပါပြီ။

0 comments:

Post a Comment