Pages

Tuesday, December 18, 2012

ပြည်တွင်းမိုဘိုင်းလ်ဈေးကွက်နဲ့ Huaweiရဲ့ နောက်ဆုံးထွက် ဟန်းဆက်


ပြည်တွင်းမှာတော့ နံပါတ် (၁) အရောင်းရဆုံး ဖြစ်နေတဲ့ ဖုန်း Brandကတော့ Huawei ဖုန်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Android OS သုံးပြီး Touch Screen ရတဲ့ ဖုန်းတွေမ
ှာHuawei ဖုန်းတွေက ဈေးနှုန်း အသက်သာဆုံးလို့ ပြောလို့ ရလို့ပါပဲ။ Android Version 2နှင့်အထက် Touch Screen ဖုန်းတွေဆိုရင် ဈေးနှုန်းက သောင်း ဂဏန်းလောက်ပဲရှိပါ တယ်။ နောက်ဆုံးထွက်  မော်ဒယ် ဖုန်းတွေဆိုရင်လည်း ကျပ်တစ်သိန်းခွဲ ၀န်းကျင်လောက်ပဲ ရှိတာကို တွေ့ရပါတယ်။ နောက်ပြီး Touch သုံးရ တာလည်း မြန်ဆန်ပါတယ်။ CDMA 800MHz အသုံးပြုနိုင်တဲ့ ဖုန်းတွေထဲမှာ Huawei ဖုန်းတွေက ပြည်တွင်း ကို အစောဆုံး စတင် ၀င်ရောက်ခဲ့တာပါ။ (၂၀၁၀)ခုနှစ်ကတည်းက စပြီး ပြည်တွင်း မိုဘိုင်းဈေးကွက်ထဲကို ၀င်ရောက်ခဲ့ပါတယ်။ GSM ဖုန်းလိုင်းတွေကို ချပေးတဲ့အချိန်မှာလည်း Huawei GSM Handsetတွေကမိုဘိုင်း ဖုန်းဆိုင်တွေမှာ မရှိမဖြစ် နေရာယူလာပါတယ်။ဒုတိယ အရောင်းရဆုံး ဖြစ်နေတာကတော့ Samsung ဟန်း ဆက်တွေပါပဲ။ Samsung ဟန်းဆက်တွေထဲမှာ Galaxy Gio, Galaxy Y, Galaxy Mini, Galaxy S, Galaxy Ace စတဲ့ မော်ဒယ်နိမ့် ဟန်းဆက်တွေက အရောင်းရဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ Nokia, ZTE စတဲ့ China ဖုန်းတွေက လူကြိုက်များနေပါတယ်။

ဒီအထဲမှာတော့ ပြည်တွင်းက မိုဘိုင်းအသုံးပြုသူတွေ ကြိုက်နှစ်သက်တဲ့ Huawei ဟန်းဆက်တွေထဲက နောက်ဆုံးထွက် ဖြစ်တဲ့ Huawei T8830လေးကို ဖော်ပြပေးချင်ပါတယ်။ Huawei T8830 က Android v4.0 Ice Cream Sandwich Version အမြင့်ကို
အသုံးပြုထားပါတယ်။ စကရင် အရွယ်အစားက (၄)လက်မ ရှိပြီးတော့ HD အရည်အသွေးနဲ့ ရရှိနိုင်တဲ့ စကရင် အမျိုးအစားပါ။ နောက်ပြီး စကရင်မှာ အပွန်းအပဲ့တွေ၊ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်ပေးနိုင်မယ့် Gorilla Glassကိုလည်း အသုံးပြုထားပါသေးတယ်။ အင်တာနက် အသုံးပြုရာမှာရော၊ ဖုန်း Appတွေ အသုံးပြုရာမှာ မြန်ဆန်သွက်လက်ဖို့အတွက် 1.2 GHz Dual Core MediaTek MT6517 Processorနဲ့ 512 MB RAMကို အသုံးပြုထားပါတယ်။ ကင်မရာ အရည်အသွေးက 3.2 MP ရှိပြီး HD Qualityနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Huawei ဖုန်းတွေရဲ့ အားနည်းချက် တစ်ခုကတော့ တစ်လ အတွင်းမှာ မော်ဒယ်သစ်တွေ ပြောင်းလဲ ထုတ်လုပ်ခြင်းပါပဲ။ ဒီအချက်က နောက်ဆုံးထုတ် ဖုန်းမော်ဒယ်သစ်တွေကို အသုံးပြုလိုသူတွေအတွက်တော့ စိတ်ညစ်စရာ ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ ကျပ် ၁၃၀,၀၀၀ ရှိပြီး Mobile Star, ဖုန်း ၀၁- ၃၉၄-၂၇၀ နဲ့ ၀၁-၃၉၉-၂၃၉တို့မှာ ဆက်သွယ် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

             Post by ICT Journal

0 comments:

Post a Comment