Pages

Friday, January 25, 2013

Windows 8 မှာ Image backup Recovery ပြုလုပ်ချင်တယ်ဆိုရင်



Image Backup ပြုလုပ်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ Windows မှာရှိတဲ့ Data တွေ Setting တွေ apps
တွေကို Backup Imag File ဆောက်ပေးထားခြင်းပဲဖြစ်ပါတယ်။ဒါမှသာနောင်တစ်ချိန်မှာ Windows error
တက်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးအမျိုးကြောင့် Recovery ပြုလုပ်ဖို့လိုအပ်လာပြီဆိုရင် ဒီ File ကို Restore
ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။အရင် Windows 7 မှာလိုမျိုး Image Backup File ပြုလုပ်ပြီး Restore ပြန်လုပ်
သလိုမျိုးပါပဲ။အခု Windows 8 User တွေမှာ Backup ပြုလုပ်ဖို့လိုအပ်မယ်ဆိုရင်အဆင်ပြေအောင် image
Backup ပြုလုပ်ပုံကို အဆင့်ဆင့်ရှင်းပြပေးပါမယ်။
Windows 8 မှာ Image Backup ပြုလုပ်ချင်တယ်ဆိုရင်
1/ အရင်ဆုံး Start Menu ပေါ်မှာ Right Click နိုပ်ပြီး All app ထဲကိုသွားပါ။
2/ Apps List ထဲက Command Prompt ပေါ်မှာ Right Click နိုပ်ပြီး Run Administrator နဲ့ဝင်ပါ။
3/ Administrator Command Prompt တက်လာရင် mkdir C:\RefreshImage ကိုရိုက်ပြီး Enter
    ခေါက်လိုက်ပါ။ဒါဆိုရင် Windows C Partition အောက်မှာ  Refresh Image ဆိုတဲ့ Folder တစ်ခု
    ဆောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။
 
4/ ပြီးရင် recimg -CreateImage C:\RefreshImage ဆိုပြီးရိုက်ပါ။ဒါဆိုရင် စောစောကပြုလုပ်ထားတဲ့
   RefreshImage ဆိုတဲ့ Folder ထဲမှာ backup Image File ကိုစတင်ပြုလုပ်နေပါလိမ့်မယ်။ကိုယ့် Data           
   အနည်းအများပေါ်မူတည်ပြီး 10 minutes ကနေ 15 minutes အထိကြာနိုင်ပါတယ်။
 
Recovery Image File ပြုလုပ်လို့ပြီးသွားပြီး ဆိုရင် အဲဒိ့ Backup File ကိုWindows Partition အောက်က RefreshImage ဆိုတဲ့ File ထဲမှာ .WIM File Format နဲ့ Save ပေးထားပါလိမ့်မယ်။ဒါဆိုရင် Windows 8 ကို Backup File ပြုလုပ်လို့ရပါပြီ။အဲဒိ့ Backup Image File ကို External Hard Drive ပဲဖြစ်ဖြစ် ဒါမှမဟုတ် DVD ခွေထဲမှာဖြစ်ဖြစ် Backup File အနေနဲ့ သိမ်းထားလိုက်ပါ။တကယ်လို့ Recovery ပြုလုပ်ဖို့လိုအပ် လာပြီဆိုရင် အဲဒိ့ File ကို Restore ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ Backup Image File ပြုလုပ်တဲ့ အပိုင်းပါ Restore ပြန်လုပ်ချင်တယ်ဆိုရင်

1/ Desktop ရဲ့ ညာဘက်ခြမ်းမှာရှိ Charms bar ထဲက Setting >> Change PC Setting ကိုသွားပါ။ 2/ ပြီးရင် General ထဲက Advanced Start-up အောက်က Restart now ကိုနိုပ်လိုက်ပါ။ 3/ Choose and Option ဆိုပြီးပေါ်လာရင် Troubletshoot ကိုရွေးပေးပါ။ပြီးရင် Advanced Option ကိုဆက် နိုပ်ပါ။ 4။ ပြီးရင် System Image Recovery ကိုနိုပ်ပါ။စက် Restart ကျသွားပါလိမ့်မယ်။ 5/ Windows ပြန်တက်လာရင် Preparing System Image Recovery ဆိုပြီး Loading လုပ်နေပါလိမ့်မယ်။ 6/ System Image Recovery Windows တက်လာရင် ကိုယ်ပြုလုပ်မယ့် User Account နဲ့ဝင်ပေးရပါမယ်။ 7/ ပြီးရင် Image Backup File ထည့်ထားတဲ့ External Hard disk ဒါမှမဟုတ် DVD Drive ကိုရွေးရပါမယ်။ 8/ Backup File ကို Selected ပေးပြီးပြီဆိုရင် Next ကိုနိုပ်လိုက်ပါ။ဒါဆိုရင် Backup File ကို Restore စတင်ပြုလုပ်ပါလိမ့်မယ်။Backup ပြုလုပ်ထားတဲ့ Data အနည်းအများပေါ်မူတည်ပြီးကြာတတ်ပါတယ်။ ဒါဆိုရင်တော့ Windows 8 နဲ့ပတ်သက်ပြီး Image Backup နဲ့ Restore ကိုလွယ်လွယ်ကူကူပြုလုပ်ရပြီထင် ပါဗျာ။

အဆင်ပြေကြပါစေဗျာ...........Jackson

0 comments:

Post a Comment