Pages

Saturday, January 5, 2013

Windows 8 ကို Clean install ပြုလုပ်ခြင်း



Windows 8 ကို Clean install ပြုလုပ်ခြင်း Windows 8 မှာပါဝင်လာတဲ့ Feature တွေတည်းကတစ်ခုပါ အကြောင်းအမျိုးမျိုးကြောင့် Windows Error တွေတက်တာပဲဖြစ်ဖြစ် Virus ကြောင့် ပဲဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ Windows က လေးလာတာ တို့ Error ခဏ ခဏ တက်လာမယ်ဆိုရင် အရင် Windows တွေမှာဆိုရင် Windows ပြန်တင်ဖို့ပြုလုပ် ကြရပါတယ်။ Windows 8 မှာကတော့အဲသလိုမျိုးအချိန်အကြာကြီး Windows ပြန်တင်စရာမလိုပါဘူး လွယ်လွယ်ကူကူလျှင်လျှင်မြန်မြန်နဲ့ပြုလုပ်နိုင်ပါတယ်။အဲဒါကတော့ Windows 8 ကို Clean install ပြု လုပ်ပေးပဲဖြစ်ပါတယ်။Clean Install ပြုလုပ်လိုက်မယ်ဆိုရင် မိမိ Computer ကို Windows စတင်လိုက်တဲ့အချိန်အခြေအနေကိုပြန်ရောက်သွားမှာဖြစ်ပါတယ်။အခုလိုမျိုး Clean Install ပြုလုပ် ခြင်းက ကိုယ့် Computer ကို reset ချပေးလိုက်ခြင်းဖြစ်ပါတယ်။ (ဥပမာ) Mobile Phone တွေ Tablet တွေအသုံးပြုတဲ့ Fectory Reset လို Feature မျိုးပဲဖြစ်ပါတယ်။
Computer ကို Clean install ပြုလုပ်ချင်တယ်ဆိုရင်




၁။ အရင်ဆုံး Mouse ကို screen ရဲ့ ညာဘက်ဘောင်ကိုထောက်လိုက်ပါပေါ်လာတဲ့ Start button တွေထဲက

     Setting ကိုရွေးပါ (သို့ ) Win+Ctrl ကိုတွဲနိုပ်လဲရပါတယ်။


၂။ ပေါ်လာတဲ့ box ထဲက Change PC Setting ကိုနိုပ်ပါ။
၃။ pc setting ထဲက general ကိုရွေးပါ။

၎။ ဒီနေရာမှာ Refresh your PC Without Affecting your Files ဆိုတာနဲ့ Remove everyting and Reinstall windows ဆိုပြီးနှစ်မျိုးရှိပါတယ်။Refresh your pc ဆိုရင်တော့ ကိုယ့်ရဲ့ Photos တွေ Music တွေ Personal Data တွေပျောက်သွားမှာမဟုတ်ပါဘူး။အခုကိုယ်က Reset ချမှာဖြစ်တဲ့အ တွက် Remove everyting and Reinstall windows ကိုရွေးရပါမယ်။


 ၅။ ပြီးရင် Get Started ကိုနိုပ်လိုက်ပါ။ Reset Your PC ဆိုပြီး Massage ပေါ်လာပြီး PC Settingတွေ ကို Default အတိုင်းပြန်ထားပေးပါလိမ့်မယ်။ ဒါလောက်ဆိုရင်တော့ မိမိ Computer ကို Clean Install ပြုလုပ်ဖို့အတွက် အဆင်ပြေလောက်ပြီထင် ပါတယ် Data တွေမဆုံးရူံးချင်လို့ Refresh Your PC လုပ်တာပဲဖြစ်ဖြစ် ၊ Windows အသစ်အနေနဲ့ပြန် သုံးခြင်လို့ Reset Your PC ပြုလုပ်တာပဲဖြစ်ဖြစ်ပြုလုပ်လို့ရပါပြီ။

0 comments:

Post a Comment