Pages

Monday, January 7, 2013

Huawei မော်ဒယ်သစ် Ascend Mate


 ဒီဇင်ဘာလလယ်လောက်က တရုတ်ပြည်ရဲ့ Guangzhou မြို့တော်မှာ Huawei က ၄င်းရဲ့ နောက်ဆုံးထုတ် Huawei Ascend Mate ကို လျှပ်တစ်ပြတ် ထုတ်ဖော်ပြသခဲ့ပါတယ်။ Huawei ရဲ့ ဥက္ကဌဖြစ်သူ Richard Yu ကိုယ်တိုင် ထုတ်ဖော်ပြသခဲ့တာပါ။ Samsung GALAXY Note II ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် Ascend Mate ကို ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။ Huawei ချစ်ပရိသတ်များအတွက်တော့ စိတ်ဝင်စားစရာ သတင်းပါ။ သူ့မှာ Quad-Core 1.8GHz Processor ကို ထည့်သွင်းပေးထားပြီး 2GB of RAM ကိုလည်း တပ်ဆင်ပေးထားပါတယ်။ 13MP အရည်အသွေးရှိတဲ့ ကင်မရာရယ် 4000mAh ဘတ်ထရီတစ်လုံး ပါရှိပါတယ်။ Processor သာမက ကင်မရာအရည်အသွေကို အခြား Huawei Series တွေထက် မြှင့်တင်ပေးထားပါတယ်။ အဲဒီ Specs တွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၃ မှာ အရည်အသွေးမြင့်တဲ့ High-End ဖုန်းတစ်လုံးရပ်တည်နိုင်အောင်
ကြိုးစားထုတ်လုပ်ထားတယ်ဆိုတာ သိသာပါတယ်။

အလေးချိန်ကိုလည်းလျှော့ချပေးတာကို တွေ့ရပါတယ်။ ဖုန်းက 9.6mm သာ ထူမယ်လို့တော့ မျှော်မှန်းထားကြပါတယ်။ လက်မအရွယ်အစားကတော့ ၆.၁ လက်မရှိပြီး 1080p Resolution ရှိမှာ ဖြစ်ပါတယ်။ အဆိုပါဖုန်းနဲ့ ပတ်သက်ပြီး Huawei ရဲ့ Vice President Yu Chengdong က Huawei Ascend Mate ကိုစောင့်ကြည့်ပြီးမှ Samsung GALAXY Note II ကို ၀ယ်ယူဖို့ ကြိုးစားကြပါလို့ ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့ ပြောကြားချက်တွေအရ GALAXY Note II ကို ယှဉ်ပြိုင်ဖို့ဆိုတာ သိသာနေပါပြီ။ ဈေးနှုန်းကိုတော့ USD 480 ရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ Huawei Ascend Mate ကို ၂၀၁၃ ရဲ့ ပတမလေးလပတ်မှာ အတိအကျ ထုတ်ဖော်ပြသမယ်လို့ သိရပါတယ်။


post by ICT journal

0 comments:

Post a Comment