Pages

Tuesday, December 18, 2012

လက်မ ၄၀ ရှိတဲ့ Toshiba PB200E LED TV သစ်


ပြည်တွင်းကို မကြာသေးမီကမှ အသစ် ရောက်ရှိလာတဲ့ Toshiba PB200E LED TV လေးပါ။ လက်မ ၄၀ အရွယ်အစား ရှိတဲ့အတွက် Screen အကြီးစား TV တွေကို နှစ်သက်သူများအတွက်တော့ စိတ်ကြိုက် ဖြစ်စေမှာပါ။ LED TV ဖြစ်တဲ့အတွက် မီးအားစား သက် သာစေတာကြောင့် စွမ်းအင်ကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။ 720p FULL HD အရည်အသွေးနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းပုံစံက ကျစ်လစ်ပြီး စမတ်ကျတဲ့ ပုံစံပါ။ မြင်ကွင်းကျယ်ကျယ် ဖန်သားပြင်မှာ ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို ခံစားနိုင်မယ့်အပြင် အသံ ပိုင်းဆိုင်ရာ အရည်အသွေးတွေကလည်း မြင့်မားပါတယ်။ အခြား LED TVတွေထက် ပိုမို ပါးလွှာအောင် ပြုလုပ်ပေးထားပြီး အသုံးပြု ထားတဲ့ REGZA Engineကြောင့် တုံ့ပြန်မှု မြန်ဆန်ပြီး Processingလည်း လျှင်မြန်ပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၅၁၀,၀၀၀ ၀န်း ကျင်ရှိပြီးဝယ်ယူချင်တယ်ဆိုရင်တော့ Toshiba ဖုန်း ၀၁-၄၀၁-၄၀၃ နဲ့ ၀၁-၄၀၁-၄၀၇ တို့ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါ တယ်။
Post by ICT Journal                                             

0 comments:

Post a Comment