Pages

Tuesday, December 18, 2012

သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်မယ့် Samsung SKYPE Camera


 Smart TVတွေမှာ အသုံးပြုနိုင်မယ့် Samsung CY-STC1100 SKYPE Camera လေးပါ။ SKYPE Cameraတွေကနေတစ်ဆင့် သင့်ရဲ့အဝေးရောက် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနိုင်ပါလိမ့်မယ်။ ကင်မရာလေးကို လိုသလို ချိန်ညှိထားနိုင်ပြီး 720p HD အရည်အသွေးနဲ့ ကြည့်ရှုနိုင်ပါတယ်။ တစ်ဖက် က ပြောတဲ့ အသံတွေကိုလည်း ရှင်းရှင်း ကြားနိုင်အောင် စီစဉ်ပေးထားပြီး ပြန်လည် ပြောဆိုနိုင်ဖို့အတွက် မိုက်ခရိုဖုန်း လေးခုကို ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။ ကင်မရာကို အတိမ်းအစောင်း ပြုလုပ်နိုင် မယ့် Tilt Neck တစ်ခုလည်း ပါဝင်ပါတယ်။ ကင်မရာက Auto Focus ဖြတ်ပေးနိုင်တဲ့အတွက်
ကြည်လင်ပြတ် သားမှုကို ပေးစွမ်းနိုင်ပါတယ်။ ကင်မရာကို အခြား မည်သည့်ပစ္စည်း အထောက်အပံ့တွေမှ မပါပဲ Original ထည့်သွင်းပေးထားတဲ့ Tilt neckနဲ့ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ အလေးချိန်က 0.3 lbsသာ ရှိတဲ့အတွက် TV ပေါ်ကို အလေးချိန် မပိစေဘဲ အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကိုတော့ Samsung အနေနဲ့ USD 169.99 သတ်မှတ်ထားပါတယ်။


         Post by ICT Journal                              

0 comments:

Post a Comment