Computer ကိုဖွင့်လိုက်ပေမယ့်
windows မတက်လာပဲ Desktop Black Screen ပေါ်မှာ BOOTMGR is Missing ဆိုတဲ့စာသားပေါ်နေပြီးဘာဆက်လုပ်ရမှန်းမသိဖြစ်နေရင်ဖြေရှင်းလို့ရအောင်လို့ပါ။အခုလိုမျိုး
ဖြစ်ပေါ်ရတာက Windows ရဲ့ Boot File
ပျက်သွားလို့ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။Windows ပြန်တင်လိုက်လို့ လဲရပါတယ် Windows ပြန်တင်မယ်ဆိုရင်အချိန်ကုန်တာပေါ့ Driver တွေတင်ရမယ် Software တွေအစအဆုံးပြန်တင်ရမယ်ဆိုရင် မလိုအပ်ပဲအချိန်ကုန်ပါတယ်။အဲဒါကြောင့် BOOTMGR Missing error ဖြစ်ပေါ်လာရင် အလွယ်တကူဖြေရှင်းလို့ရပါတယ်။

Error ဖြေရှင်းနည်း
၁။ ကိုယ့်စက်မှာတင်ထားတဲ့
Windows ခွေကို စက်ထဲကိုထည့်ပြီး အရင် Windows တင်တဲ့အတိုင်းအဆင့်ဆင့်သွားပါ။
၂။ Installing window ဆိုတဲ့နေရာကိုရောက်ရင်
အောင်မှာရှိတဲ့ Repair your Computer ကိုနိုပ်ပါ။
၃။ System Recovery Box ကျလာရင်
Next ကို နိုပ်ပါပြီးရင်အပေါ်ဆုံးက Startup Repair ကိုနိုပ်ပြီး Repair လုပ်ပါ။
၎။ Startup Repair လုပ်ပြီးသွားရင်
အောက်ဆုံးမှာရှိတဲ့ Command Prompt ကိုသွားပါ။
၅။ Command Prompt ကျလာရင်
bootrec /fixboot ကိုရိုက်ပြီး enter ခေါက်လိုက်ပါ။
ဒါဆိုရင်ရပါပြီ Computer
ကို Restart ချပြီးပြန်တက်လာရင် အရင်အတိုင်းပုံမှန် Windows ပြန်တက်လာပါလိမ့်မယ်။
အဆင်ပြေကြပါစေ..............Jackson
အဆင်ပြေကြပါစေ..............Jackson
0 comments:
Post a Comment