
မှတ်တမ်းတင်ပေးမှာ ဖြစ်ပါတယ်။ မှတ်သားထားသည်များကိုလည်း သင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူး ရှိ မရှိ ပြန်လည် သုံးသပ်နိုင်စေရန် သင့်ရဲ့ iPhone သို့ iPod Touchပေါ်မှာ ဘလူးတု (Bluetooth) နည်းပညာ အသုံးပြုကာ လက်ကောက်ဝတ်မှ သင် တစ်နေ့တာ လှုပ်ရှားနေသည့် မှတ်တမ်းများကို တိုင်းထွာ အကဲဖြတ်နိုင်ပါတယ်။
iTune စတိုးမှ အခမဲ့ ရယူရမည့် Nike+ Fuel Band appကို အသုံးပြုပြီး သင် တစ်နေ့တာအတွက် ကီလိုရီ (calories) ဘယ်လောက်အထိ ရောက်အောင် လှုပ်ရှားမှုပြုမယ်၊ လှေကား ဘယ်နှထစ် တက်ရမည်ဆိုသည်များကိုလည်း ပန်းတိုင်များအဖြစ် app ထဲမှာ သတ်မှတ်ပေးထားပြီး၊ တစ်နေ့တာ ကုန်ဆုံးသည့်အချိန်မှာ အောင်မြင်မှု ရှိခဲ့သည်လား ဆိုတာကိုလည်း သုံးသပ်နိုင်မှာပါ။ ထို့ကြောင့် ဒီ app လေးနှင့်အတူ လက်ကောက်ဝတ်လေးကို ဆင်မြန်းခြင်းအားဖြင့် နည်းပညာခေတ်ကြီးမှာ နည်းပညာ ပစ္စည်းများဖြင့် စတိုင်လ်လည်း ကျပြီး ကျန်းမာရေးအတွက်လည်း အကဲခတ်နိုင်မည့် appလေးဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ လက်ကောက်ဝတ်လေးမှာတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဖြင့် Apple Online Storeမှာ ရောင်းချနေပြီး Small, Medium/Largeနှင့် Extra Largeဖြင့် ဆိုဒ်အစုံ ရှိသည့် အတွက်ကြောင့် မ၀ယ်ယူခင် သင့် လက်ကောက်ဟာ ဆိုဒ် ဘယ်လောက် ရှိသည်ဆိုတာကိုတော့ တိုင်းတာကြည့်ဖို့ လိုပါလိမ့်မည်။
Post by Myanmar ICT Journal
0 comments:
Post a Comment