သေးငယ်ပြီး
ခေတ်ဆန်သည့် Samsung ၏ Galaxy Muse Mp3 player ဖြစ်သည်။ iPod Shuffle
နှင့် ယှဉ်ပြိုင်နိုင်ရန် ထုတ်လုပ်ထားပြီး Samsung Galaxy Note 2 နှင့်
Galaxy S3 တို့၌ တပ်ဆင်ထားသည့် အခါတွင် စမတ်ဖုန်းပေါ်ရှိ သီချင်းများကို
sync ပြုလုပ်ပေးမည် ဖြစ်သည်။
အပြာရောင်နှင့် အဖြူရောင်တို့ဖြင့်
ထုတ်လုပ်ထားသည့် Galaxy Muse တွင် သိုလှောင်မှုအတွက် 4GB ထောက်ပံ့ပေးထားပြီး
သီချင်းနားထောင်ခြင်းအတွက် ၆ နာရီကြာ အသုံးပြုနိုင်သည်။
Note 2 နှင့် Galaxy S3 တို့ကို USB-to-3.5mm headset jack မှတစ်ဆင့်
ချိတ်ဆက်နိုင်ပြီး
Muse Sync Android ဟုခေါ်သော Android application ဖြင့်
PC ၏အကူအညီ မလိုဘဲ သီချင်းများကို sync ပြုလုပ်နိုင်သည်။ Samsung.com မှ
ဝယ်ယူနိုင်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၀ ဖြစ်သည်။
Post by Internet Journal
0 comments:
Post a Comment