ပြည်တွင်းမှာတော့ နံပါတ် (၁) အရောင်းရဆုံး
ဖြစ်နေတဲ့ ဖုန်း Brandကတော့ Huawei ဖုန်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ Android OS သုံးပြီး Touch Screen ရတဲ့ ဖုန်းတွေမှာHuawei ဖုန်းတွေက ဈေးနှုန်း အသက်သာဆုံးလို့ ပြောလို့ ရလို့ပါပဲ။ Android
Version 2နှင့်အထက် Touch Screen ဖုန်းတွေဆိုရင် ဈေးနှုန်းက သောင်း
ဂဏန်းလောက်ပဲရှိပါ တယ်။ နောက်ဆုံးထွက် မော်ဒယ် ဖုန်းတွေဆိုရင်လည်း
ကျပ်တစ်သိန်းခွဲ ၀န်းကျင်လောက်ပဲ ရှိတာကို တွေ့ရပါတယ်။ နောက်ပြီး Touch
သုံးရ တာလည်း မြန်ဆန်ပါတယ်။ CDMA 800MHz အသုံးပြုနိုင်တဲ့ ဖုန်းတွေထဲမှာ
Huawei ဖုန်းတွေက ပြည်တွင်း ကို အစောဆုံး စတင် ၀င်ရောက်ခဲ့တာပါ။
(၂၀၁၀)ခုနှစ်ကတည်းက စပြီး ပြည်တွင်း မိုဘိုင်းဈေးကွက်ထဲကို
ဝင်ရောက်ခဲ့ပါတယ်။ GSM ဖုန်းလိုင်းတွေကို ချပေးတဲ့အချိန်မှာလည်း Huawei GSM
Handsetတွေကမိုဘိုင်း ဖုန်းဆိုင်တွေမှာ မရှိမဖြစ် နေရာယူလာပါတယ်။ဒုတိယ အရောင်းရဆုံး ဖြစ်နေတာကတော့ Samsung ဟန်း ဆက်တွေပါပဲ။ Samsung
ဟန်းဆက်တွေထဲမှာ Galaxy Gio, Galaxy Y, Galaxy Mini, Galaxy S, Galaxy Ace
စတဲ့ မော်ဒယ်နိမ့် ဟန်းဆက်တွေက အရောင်းရဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာတော့ Nokia, ZTE စတဲ့ China ဖုန်းတွေက လူကြိုက်များနေပါတယ်။
ဒီအထဲမှာတော့ ပြည်တွင်းက မိုဘိုင်းအသုံးပြုသူတွေ ကြိုက်နှစ်သက်တဲ့ Huawei
ဟန်းဆက်တွေထဲက နောက်ဆုံးထွက် ဖြစ်တဲ့ Huawei T8830လေးကို
ဖော်ပြပေးချင်ပါတယ်။ Huawei T8830 က Android v4.0 Ice Cream Sandwich
Version အမြင့်ကို