Pages

Wednesday, March 13, 2013

Ava Direct P570WM စွမ်းရည်ပြည့် Gaming Laptop




Prices - $3,981
အားသာချက်
Laptop ရဲ့ performance ကောင်းမွန်ပြီး Graphics ပိုင်းကိုလဲအကောင်းမွန်ဆုံးအသုံးပြုထား တာတွေ့ရ ပါတယ်။Display ပိုင်းမှာဆိုရင်လဲ Resolution မြင့်မားပြီး ရုပ်ထွက်ကြည်လင်မူကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်။ Laptop Keyboard ကိုလဲအရည်းအသွေးကောင်းကောင်းပြုလုပ်ထားတာတွေ့ရပါတယ်။

အားနည်းချက်
Battery သက်တမ်းတော်တော်လေးညံ့တာတွေ့ရပါတယ်။ Audio ပိုင်းမှာဆိုရင်သာမာန်အဆင့်လောက်သာရှိပါ တယ်။ကိုယ်ထည် Size တော်တော်ထူတဲ့အတွက်
ပေါ့ပေါ့ပါးပါးအသုံးပြုချင်သူတွေအတွက်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။

အသေးစိတ်ဖေါ်ပြချက်
Ava Direct P570wm Laptop ကိုအသေးစိတ်ဖေါ်ပြရမယ်ဆိုရင်တော့ Gaming Notebook အမျိုးအစားဖြစ်ပြီး Chipset အနေနဲ့ X79 Chipset ကိုအသုံးပြုပေးထားပါတယ်။Processor ပိုင်းမှာဆိုရင်လဲ 3.3 GHz အမြန်နူန်းရှိ တဲ့ Intel Core i7 -3960X CPU ကိုအသုံးပြုပေးထားတဲ့အတွက် Processor ပိုင်းကို အခြား Gaming Laptop တွေထက်မြုင့်တင်ပေးထားတာတွေ့ရပါတယ်။ Laptop ရဲ့ Memory ပိုင်းမှာဆိုရင်လဲ RAM ပမာဏ ကို 32 GB ထိဖြည့်တင်းပေး ထားတဲ့အတွက် Gamer တွေအတွက်အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ Graphics ပိုင်းကိုတော့ Dual Nvidia Geforce GTX 680 M ကို 4GB အထိထည့်သွင်းပေးထားပြီး 3D Version ဖြစ်တဲ့အတွက်  3D Games တွေကိုကောင်းကောင်း ကစားနိုင်မှာဖြစ်ပါတယ်။Laptop Graphics ပိုင်းလဲလုံလောက် မူ့ ရှိတဲ့အတွက် သာမာန်ရုံးသုံး Software တွေနဲ့ HD Video တွေလောက်တော့ပြောစရာမလိုလောက်အောင်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။ Operation System အတွက်ကိုတော့ Microsoft Windows 8 Pro ကိုအသုံးပြုပေးထားပါတယ်။ Data သိမ်းဆည်းဖို့အတွက် Storage ပမာဏ ကတော့ 7200 rpm ရှိတဲ့ 750 GB Hard disk တစ် လုံးနှင့်အတူ 8GB SSD ပါရရှိမှာဖြစ်ပါတယ်။ဒါအပြင် Secondary Hard Drive တစ်လုံးပါရှိမှာဖြစ်ပြီး SSD 240GB ရရှိမှာဖြစ်တဲ့အတွက် Data သိမ်းဆည်းဖို့အတွက်လုံလောက်မူရှိမှာဖြစ်ပါတယ်။ Optical Drive အနေနဲ့ Data အကူးအဖတ် 8X အမြန်နူံးရှိတဲ့ Dual Layer Super multi DVD RW တစ်လုံးတပ်ဆင်ပေးထားပါတယ်။ Laptop ရဲ့ Wireless ချိပ်ဆက်ဖို့အတွက်ဆိုရင်တော့ Killer Wireless-N high-performance Wi-Fi Adapter ကိုအသုံးပြုပေးထားပြီး Online Games အတွက် Wireless Performance ကိုကောင်းကောင်းရရှိမှာဖြစ်ပါ တယ်။အခြား Devices တွေနဲ့ချိတ်ဆက်ဖို့အတွက် ဆိုရင်တော့ Display Port , DVI , Firewire , Gigabit Ethernet , HDMI , Headphone , Line-in , Microphone , S/PDIF , security lock slot , USB 2.0 , USB 3.0 , USB 3.0/ eSata စတဲ့ Port တွေကိုထည့်သွင်းပေးထားပါတယ်။USB Port စုစုပေါင်း 4 port ပါဝင်ပြီး 9-1 Card Reader တစ်ခုပါထည့်သွင်းပေးထားပါတယ်။

ဒီဇိုင်း
Laptop ရဲ့ Display ပိုင်းမှာဆိုရင်လဲ Screen Size 17.3 လက်မအကျယ်နှင့်အတူ 1920x1080 Resolution ရှိတဲ့အတွက် အရုပ်ထွက်ကြည်လင်မူကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ကိုယ်ထည် Size ကတော့ အလျား 16.5 x  အနံ 11.26 နှင့်အထူ 2.28 ပေါင်ရှိပြီး Laptop အလေးချိန် 13 ပေါင်ရှိပါတယ်။Built in Webcam ပါရှိပြီး 2.1 Megapixel ရရှိမှာဖြစ်ပါတယ်။

Battery Life
Battery သက်တမ်းကတော့ ပုံမှန်အသုံးပြုမယ်ဆိုရင်တော့ 2 နာရီ 5 မိနစ် အသုံးပြုနိုင်မှာဖြစ်ပြီး wifi ဖမ်းယူအသုံးပြုနေမယ်ဆိုရင်တော့ 1 နာရီ 22 မိနစ် ရရှိမှာဖြစ်ပါတယ်။

သုံးသပ်ချက်
Gamer တွေအတွက်တော့ အကြိုက်တွေ့စေမယ့် Gaming Laptop အမျိုးအစားတစ်ခု ဖြစ်ပါတယ်။အခြား Laptop တွေထက် CPU Performace Graphics Performance တွေမြုင့်တင်ပေးထားတဲ့ Laptop တစ်လုံး ဖြစ်ပြီး Resolution လဲကောင်းကောင်း ရရှိမှာဖြစ်ပါတယ်။

Jackson

0 comments:

Post a Comment