Pages

Monday, November 26, 2012

Firefox , Chrome , Gtalk မှာမြန်မာစာဖောင့်နှင့်ပတ်သက်ပြီးအဆင်မပြေဖြစ် နေသူများအတွက်

မြန်မာစာဖောင့်ကိုအားလုံးလိုလိုကတော့ ဇော်ဂျီဖောင့်ကိုသုံးကြပါတာများပါတယ် အခုလဲဇော်ဂျီဖောင့်နဲ့ပတ် သက်ပြီးပြောပါမယ်။ ကိုယ့်စက်ထဲမှာလဲဇော်ဂျီဖောင့်ရှိတယ် စာရိုက်လို့လဲရတယ် ဒါပေမယ့် တစ်ဖက်ကပို့လိုက် တဲ့ mail ထဲမှာကြတော့စာမမြင်ရပဲ အတုံးလေးတွေပဲမြင်ရတယ်ဆိုပြီးမေးလာကြတဲ့သူတွေအတွက်ရေးပေး လိုက်တာပါ ပြည့်စုံမယ်လို့တော့ထင်ပါတယ်။ အရင်ဆုံး browser မှာမြန်မာစာဖောင့်မြင်ရအောင်လုပ်နည်းလေး ပြောပြပါမယ် အခုပြောမှာကတော့ Mozilla Firefox browser ပေါ့ အရင်ဆုံး browser ကိုဖွင့်ပါ ပြီးရင် Tools ထဲက Option ထဲကိုသွားပါ Option ထဲက Content ကိုနိုပ်လိုက်ပါ အလယ်မှာ default font ဆိုတာကိုတွေ့ပါ လိမ့်မယ် ဘေးကမြှားလေးကိုနိုပ်ပြီး Zawgyi – one font ကိုရှာပြီးရွေးပေးလိုက်ပါ ပြီးရင်ဘေးက Advanced ကိုနိုပ်ပါအလယ်လောက်မှာ Serif: ဆိုတာကိုတွေ့ပါလိမ့်မယ် Serif: ထဲမှာ Zawgyi one ကိုရွေးပြီး ok နိုပ် လိုက်ပါ အားလုံးအဆင်ပြေပြီဆိုရင် ကိုယ့် Gmail ပဲဖြစ်ဖြစ် အခြားဆိုဒ်တစ်ခုခုပဲဖြစ်ဖြစ်ဖွင့်ကြည့်လိုက်ပါ မြန်မာ စာဖောင့်ရသွားပါလိမ့်မယ်
အကယ်၍အဆင်မပြေသေးဘူဆိုရင်တော့ ကိုယ့်ရဲ့ browser version မြင့်သွားလို့ ဖြစ်ပါလိမ့်မယ် လက်ရှိ version ကိုဖြုတ်ချပြီး version 12.0 ပဲဖြစ်ဖြစ်သူ့ထက်အနိမ့်ပဲဖြစ်ပြန်တင်ပေးလိုက်ရင် ရပါတယ်။ဒါမှမဟုတ် version 12.0 အထက် 14.01 လို Update Version မှသုံးချင်တယ်ဆိုရင်လဲနောက်တစ် နည်းရှိပါသေးတယ် အပေါ်ကအတိုင်း browser ထဲက Option > Content > Advanced ကိုနိုပ်ပါ Font for: ဆိုတဲ့နေရာမှာ Other languages ကိုရွေးလိုက်ပါ Proportional: မှာ Serif , Serif: နေရာမှာ Zawgyi – One , Sans – Serif: နေရာမှာ Arial , Monospace နေရာမှာ Zawgyi – One , default Character encoding နေ ရာမှာ Unicode (UTF-8) ကိုရွေးပေးလိုက်ပါ ပြီးရင် Allow pages to choose their own fonts , instead of my Selections above ဆိုတာကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါအဆင်ပြေသွားပါလိမ့်မယ်။ နောက်တစ်ခုက တော့Chrome browser ပါသူ့မှာလဲမြန်မာဖောင့်မရလိုအခက်အခဲဖြစ်နေတဲ့သူတွေရှိမယ်ဆိုရင်အဆင်ပြေ အောင်လို့ပါ အရင်ဆုံး Chrome browser ကိုဖွင့်လိုက်ပါ ပြီးရင်ညာဘက်ထောင့်မှာ ဂွပုံစံလေးတွေပါလိမ့်မယ် နိုပ်လိုက်ပါအဲဒီထဲက setting ကိုနိုပ်လိုက်ပါ ပေါ်လာတဲ့စာမျက်နှာရဲ့အောက်ဆုံးက Show advanced setting ဆိုတာကိုထပ်နိုပ်လိုက်ပါ Web content ဆိုတဲ့ခေါင်းစဉ်အောက်က Customize Fonts ကိုနိုပ်ပါ အဲဒီထဲက Standard Fonts မှာ Zawgyi – One , Serif font မှာ Zawgyi – One , Sans – serif font မှာလဲ Zawgyi – One ပေးပြီး Ok နိုပ်လိုက်ပါအဆင်ပြေသွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ Gtalk မှာမြန်မာစာမပေါ်လို့စိတ် ညစ်နေသူ တွေအတွက်ပါ အရင်ဆုံး Gtalk ရဲ့ Setting ထဲက General ထဲမှာ Change font ဆိုတာကိုတွေ့ ပါလိမ့်မယ်အဲဒီ Change font ထဲမှာ Zawgyi – One ကိုရွေးပေးလိုက်ပါရသွားပါလိမ်မယ်။အဲသလို လုပ်လို့မှအဆင်မပြေသေးဘူးဆိုရင်တော့ Computer ထဲမှာလုပ်ပေးရပါမယ် အရင်ဆုံး start ထဲက Control panel ထဲကိုသွားပါအဲဒီထဲက Internet Option ကိုဖွင့်ပါ General ထဲကအောက်နားမှာရှိတဲ့ fonts ကိုနိုပ်ပါ ပြီးရင်ဘယ်ဘက်က Webpage font: ထဲမှာ Zawgyi – One ပြောင်းပေးလိုက်ပါအားလုံး OK သွားပါလိမ့်မယ်။

No comments:

Post a Comment